အောင်မြေသာစံမြို့နယ်တွင် ခုတင်(၅၀)ဆံ့ ကိုဗစ်-၁၉ စင်တာဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မန္တလေး ဇွန် ၃
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ခုတင် (၅၀)ဆံ့ ကိုဗစ်-၁၉ စင်တာ ဖွင့်လှစ်နိုင်ရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်၆နာရီက အဆိုပါစင်တာ ဖွင့်လှစ်မည့် ခုတင်(၁၀၀) တိုင်းရင်းဆေးရုံကြီး (မန္တလေး)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက စုပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ထိစပ်လူနာ များထား ရှိမည့် နှစ်ထပ်ဆောင်အခန်းများအား ရေဆေးခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခုတင်နှင့် အိပ်ရာခင်းများ စီစဉ် ဆောင်ရွက်ပေးခြင်း၊ ဆေးရုံဝန်း အတွင်းနှင့်အပြင်ဘက်များကို ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)