သရက်မြို့၌ စာချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ
Jun 07,2021
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာချစ်သူများမှ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့ရာ ရွှေအမြုတေဝတ္တုတို ပေါင်းချုပ် စာအုပ်မှ စာရေးဆရာလူခါး၏ မြင့်နေသော နေရင့်နေသောအရူး၊ စီးနေသောမြစ် ဝတ္တုတိုဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။