သတင်းများ

ပွင့်ဖြူမြို့နယ် ညောင်လှ-ဆင်စု-ရေချမ်းစင် ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး
Jun 05,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံ ကျေးရွာနေပြည်သူများ  ကျေးလက်နှင့် မြို့ပြ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ 
မလှိုင်မြို့နယ် ထွေ/အုပ် ဝန်ထမ်း သား/သမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်
Jun 05,2021
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းပေး
Jun 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများအား ပိုးသတ်ဆေး ဖျန်းပေးလျက်ရှိသည်။
၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား သံတွဲ၌ကျင်းပ
Jun 05,2021
၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သံတွဲခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ပတ်ဝန်းကျင် ရေရှည်တည်တန့် ကောင်းမွန်ဖို့၊ ဂေဟစနစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သည်။
သထုံမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး
Jun 05,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ အလံတရာသာသနာ့နယ်မြေရှိ အလံတရာ စေတီတော်မြတ်ကြီး အနီးတွင် ယနေ့ နံနက်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြု လုပ်ခဲ့သည်။
မိုင်းရယ်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 05,2021
နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၂) မဟိန်တန် ဂေါက်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ပါသည်။
စံပြကျေးရွာတွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jun 05,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သု၀ဏ္ဏဝတီမြို့ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက ၃၀၀ တွင် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား မျိုးသန့်မျိုးစပါးများကို ယနေ့ နံနက်က  မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Jun 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။