မိုင်းယောင်း၌ နှာခေါင်းစည်းများနှင့် ပညာပေးစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 05,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ထွေ/အုပ်၊ ကျန်းမာရေးနှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အပတ်စဉ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဗလမင်းထင် ကျောက်တိုင်အနီးရှိ နမ့်မိန်တံတားလမ်းဆုံ၌ ဆောင်ရွက်သည်။