သတင်းများ

ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စု၌ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကျင်းပ
May 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များနှင့် တောပုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့  ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးဖွင့်လှစ်ခဲ့သည့် (ပထမ)အကြိမ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ
May 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးဖွင့်လှစ်ခဲ့သည့် (ပထမ) အကြိမ် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
ဝန်းသိုမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက အစို ၁၂၆တင်းထွက်ရှိ
May 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဖြစ်သော အာမခံကျေးရွာအုပ်စု ဩဂကျေးရွာ၊ ကွင်းအမှတ် (၁၂၉၈)၊ ဦ:ပိုင်အမှတ် (၂၃/၆)၊ တောင်သူ ဦးမျိုးဝင်း ၏ နွေစပါးမှော်ဘီ(၂)စိုက်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်လယ်/စီ/အင်းအဖွဲ့ပူးပေါင်း၍ ယမန်နေ့က စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက အစို ၁၂၆ တင်း ထွက်ရှိခဲ့ကြောင်း သိရ သည်။
အင်္ဂပူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက် ပေးလျက်ရှိ
May 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းကို မေလ ၃ ရက်နေ့မှ စတင်ကာ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောက်ရွက်
May 20,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဘေး အန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့်တိုက်ပွဲ ရှောင်စခန်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်းပညာသင်တန်းများကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
May 20,2021
မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်း ပညာသင်တန်းများကို မေလ ၁၇ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကျင်းပ
May 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု တို့ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။