ဖြူးမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကျေးရွာများ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆−၂၀၁၇ခုဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ သည့်မင်းလမ်းကူး မြစိမ်းရောင် စီမံကိန်း ကျေးရွာ မှ ရရှိလာသောအတိုးငွေနှင့် ပြည်သူလုပ်အား ထည့်ဝင်မှုဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေကို ခေတ္တမြို့နယ် ဦးစီးမှူးနှင့် အဖွဲ့မှ မေလ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကွင်း ဆင်း စစ်ဆေးခဲ့ ကြောင်း သိရ ပါသည်။