မြောက်ဦး မေ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်နေပြည်သူများအနေဖြင့် မီးဘေး အန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့်တိုက်ပွဲ ရှောင်စခန်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင်ဦးဆောင်သော သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် များဖြစ်သော ညောင်ပင်ဈေးရပ်ကွက်၊ လော်ကမှုရပ်ကွက်၊ ကျောက်ရာဇ်ကေ ရပ်ကွက်၊ ဆင်ချဆိပ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားေရာက်စစ်ဆေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင်ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်း များဖြစ်သည့် မြို့သစ်ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင် စခန်း၊ နရတ်စားဘုရားသိမ် တိုက်ပွဲ ရှောင်စခန်း၊ ဘုရားပေါ်ဘုရား တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး မြို့ပေါ်ရပ်ကွက်နှင့် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော မီးဘေး လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ သဲအိတ်၊ မီးသတ်ဆေးဗူး များနှင့် မီးဘေး ကြိုတင်ကာ ကွယ်ရေး ပစ္စည်းများအဆင်သင့်ထားရှိစေရေး ၊ မိဘပြည်သူများအနေဖြင့် ထမင်း၊ ဟင်းများချက် ပြုတ်ပြီးပါကလည်း မီးဖိုချောင် အတွင်းရှိ မီးကြွင်းမီးကျန် များအား စနစ်တကျမီးငြိမ်းသတ်ရေးနိုင် ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း