မိတ္ထီလာမြို့ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်းပညာသင်တန်းများကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မိတ္ထီလာ  မေ ၂၀

မိတ္ထီလာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းနည်း ပညာသင်တန်းများကို မေလ ၁၇ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သင်တန်း၊ စက်ပြင်စက်မောင်းသင်တန်း၊ လက်ရက်ကန်း သင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း များကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ကိုဗစ်-၁၉ကာလအတွင်း အဆိုပါသင်တန်းများကို ယာယီရပ်နားထားခဲ့ ရသည်။ ထိုသို့ ယာယီရပ်နားထားခဲ့ရာမှ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း နှင့် လက်ရက်ကန်း(၆)လသင်တန်းများကို မေလ ၁၇ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။ ယင်းသို့ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင်  ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ် သင်တန်းကို သင်တန်းသူသင်တန်းသား(၁၈)ဦးနှင့် လက်ရက်ကန်း(၆)လသင်တန်းကို သင်တန်းသူ သင်တန်းသား(၄)ဦးတို့အား နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝထံမှ သိရသည်။   

ခရိုင်ပြန်ဆက်