သတင်းများ

လက်ပံတန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားပြည်သူ များအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို မေလပထမပတ် မှစတင်၍ မြို့နယ်လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် တက္ကသိုလ်ဝင်လမ်းညွှန်များ ထုတ်ပေး
May 20,2021
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ဝင်လမ်းညွှန်နှင့် အမှတ်စာရင်းများကို ရန်ကင်းမြို့နယ် အထက(၁)၊ အထက(၂)၊ အလက(၂) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  စာဖတ်ဝိုင်းပြုလုပ်
May 20,2021
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲ အချိန်က စာပေမှရရှိသော အသိအမြင် ဗဟုသုတ များကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန်၊ စာဖတ်သူအချင်းချင်း အသိပညာများမျှ ဝေတတ်စေရန်၊ စာဖတ်ရှိန် မြင့်တက်စေရန်  ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ် ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်  လွန်ချီကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး
May 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ကိုင်ဆောင်ထားခြင်း မရှိသူများကို မကွေးတိုင်းဒေသကြီး၊  အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊
​တောင်ငူ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ကျင်းပသည်။
မင်းလှမြို့နယ်၌ ဒုတိယအကြိမ်  ဂရန်အင်းများလေလံရောင်းချ
May 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခ ရိုင်၊ မင်းလှမြို့နယ်ငါးလုပ်းငန်းဦးစီးဌာနမှ  ၂၀၂၁ -၂၀၂၂ ခုနှစ်  ငါးလုပ်ငန်းရာသီအတွက်ဒုတိယ အကြိမ် အင်းလေလံနှင့် ပထမအ ကြိမ်တင်ဒါချက်များလေလံရောင်း ချခြင်းကို မေ ၂၀ ရက်နံနက် ၁၀ နာရီကမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန် မပျက် အကောင်အထည် ဖော် ဆောင် ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 20,2021

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ရပ်ရွာ လုံခြုံ ရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်းကာ ဒေသခံ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများ ကပ်ထားဆောင်ရွက်
May 20,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ရာ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထက်၊လယ်၊မူ ကျောင်းများနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ကျောင်းအပ်နှံရေး ဗီနိုင်း၊ ပိုစတာများအား ကျောင်းသား မိဘများ သိရှိနိုင်ရန် အသိပေးကပ်ထား ဆောင်ရွက်ထားကြောင်း သိရသည်။