ဝန်းသို မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဖြစ်သော အာမခံကျေးရွာအုပ်စု ဩဂကျေးရွာ၊ ကွင်းအမှတ် (၁၂၉၈)၊ ဦ:ပိုင်အမှတ် (၂၃/၆)၊ တောင်သူ ဦးမျိုးဝင်း ၏ နွေစပါးမှော်ဘီ(၂)စိုက်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်လယ်/စီ/အင်းအဖွဲ့ပူးပေါင်း၍ ယမန်နေ့က စံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧက အစို ၁၂၆ တင်း ထွက်ရှိခဲ့ကြောင်း သိရ သည်။
စံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေက နွေစပါးသီးနှံကိုယ်စား ပြုစံ အထွက်နှုန်းအား သိရှိနိုင်ရန်၊ သီးနှံစိုက် စနစ်အလိုက် အထွက်နှုန်းအား သိရှိနိုင်ရန်နှင့် နွေစပါးသီးနှံ အထွက်တိုးရေး အထွက်နှုန်းမိတ်ဖက်များ၏အရေးပါးမှုကို တောင်သူများ သိရှိနားလည် စေရန်ရည်ရွယ်၍ ယခုလို စံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ရခြင်းခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး နွေစပါး(မှော်ဘီ-၂) (၀.၁၀)ဧက စံကွက်ကို စက်ဖြင့်ရိတ်သိမ်းခဲ့ရာ တစ်ဧက အစိုထွက်နှုန်း ၁၂၆တင်း ထွက်ရှိခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးရေးဦ:စီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့် မြို့နယ်လယ်/စီ/အင်းအဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ကြပြီး ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခုနှစ် နွေစပါးစိုက်ဧက ၉၈၈ဧက စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေထံမှ သိရ သည်။