ဟင်္သာတ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးဖွင့်လှစ်ခဲ့သည့် (ပထမ) အကြိမ် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြစ်ကွေ့ပရိယတ္တိ စာသင်တိုက် မြို့နယ်သံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တဆန္ဒသီရိ ဘိဝံသက ငါးပါးသီလနှင့် သြဝါဒကထာများကို ရွတ်ပွါးချီးမြှင့်ပေးပြီး နာယကဆရာတော်ကြီး နှင့် သင်တန်းနည်းပြဆရာတော်များကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေက နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းအေးဆွေက သာသနာရေးဆိုင်ရာများကိုလျှောက်ထားခဲ့ပြီး သင်တန်းကာလပြီးဆုံးတိုင် တက်ရောက်သင်ကြားခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ဟင်္သာတခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာရုံးများမှ သင်တန်းသား/သင်တန်းသူ အမှုထမ်းငယ်(၃၀)ဦးတက်ရောက်၍ မေလ ၁၁ ရက်မှ မေလ ၂၀ ရက်နေ့အထိ သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ ဟင်္သာတခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရှိ ရသည်။
ခရိုင်ပြန်/ဆက်