ကျောက်မဲမြို့တွင် ပါဠိပထမပြန် စာမေးပွဲကို ဇွန်လ ပထမပတ်တွင် ကိုဗစ်−၁၉ စည်းကမ်းများနှင့်အညီ ကျင်းပမည်
May 20,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဆုပန် ကျောင်းတိုက်၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျောက်မဲမြို့နယ် သံဃာ့နာယက ဆရာတော်များ၊ ခရိုင်သာသနာဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်စီမံအုပ်ချုပ်မှု အဖွဲ့ဝင်များတက်ရောက်ပြီး ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။