ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်(အသားကဏ္ဍ) ဆဋ္ဌမအကြိမ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
May 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်(၁)နာရီက ရွာသစ်ကျေးရွာအုပ်စု၊ ကျွန်းကုန်း ကျေးရွာတွင် မြစိမ်းရောင်(အသားကဏ္ဍ)ဆဋ္ဌမအကြိမ် လွှဲပြောင်းပေးအပ်ခြင်းကို အဆိုပါကျေးရွာရှိ (KC)ခန်းမ၌ ကျင်းပသည်။