မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ

မူဆယ်    မေ   ၂၀

ရှမ်းပြည်နယ်၊ မူဆယ်မြို့သည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် တစ်ဆက်တစ်စပ်တည်းရှိသော လူမှုစီးပွားရေးဖွံ့ဖြိုးသည့် နယ်စပ်မြို့ကြီးတစ်မြို့ ဖြစ်သည်။ အခြေခံလူတန်းစားအစုံနှင့် လူလတ်တန်းစား လုပ်ငန်းရှင်များပြားသဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရေး အရေးကြီးလိုအပ်လျက် ရှိသည့်ဒေသဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းမှ စတင်ပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်ပြောင်းလဲမှုကြောင့်  ကျန်းမာရေးဦးစီးဌာန၊ မူဆယ်မြို့ ပြည်သူ့ဆေးရုံသည်လည်း ပြည်သူများကို ကျန်းမာရေး ဝန်ဆောင်မှုမပေးနိုင်ဘဲရှိခဲ့ရာ ပြင်ပလူနာ ကုသနိုင်ရေးအတွက် မူဆယ်ပြည်သူ့ဆေးရုံကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ စတင်ပြီး ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ မူဆယ်ခရိုင်ကျန်းမာရေးမှူး ဆေးရုံအုပ်ကြီး Dr ဟန်နိုင်စိုးနှင့် အထူးကု သမားတော်တစ်ဦး၊ သူနာပြု(၂)ဦး၊ အခြားအဆင့်များက မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ဆောင်မှုများ စတင်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း သိရသည်။

အယ်လ်စိုး (မူဆယ်)