သတင်းများ

မကွေးတိုင်းဒေသကြီး နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊တောင်တွင်းကြီး(ရွှေလမင်း)နှင့် ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ် ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
May 21,2021
ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ မကွေး(မင်္ဂလာစံပြ)၊ တောင်တွင်းကြီး (ရွှေလမင်း)နှင့် ပတ်သက်၍ တာဝန်နှင့် ဝတ္တရားများ လွှဲပြောင်းသည့် (Deed of Assignment)စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက် ခဲ့သည်။
တာလေမြို့ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ငှားရမ်းခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေး
May 21,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များ စာအုပ်စာစောင်များ အလွယ် တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌၂၀၂၀-၂၀၂၁ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံပွဲ ပြု လုပ်
May 21,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်း အလယ် တန်း၊ မူလတန်းကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် တွေ့ဆုံ ညှိနှိုင်းပွဲကို ယနေ့ နေ့လည်၃နာရီက အ.ထ.က ကျိုက်မရော ပညာအားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသဒ္ဒါ (Grammar) အခမဲ့သင်တန်းဖွင့်လှစ်
May 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမျိုးသမီးအသင်း(Women Club) တို့ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ အရေး အသား စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ အခြေခံအင်္ဂလိပ်စာသဒ္ဒါ (Grammar) အခမဲ့သင်တန်းကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန ခန်းမ၌ မေ ၂၀ ရက်မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့၌ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် သားအိမ်ခေါင်းကင်ဆာအကြောင်းဆွေးနွေး
May 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အမျိုးသမီးအသင်း( Women Club) တို့ပူးပေါင်း၍ အမျိုးသမီးတိုင်း အသက်အရွယ် မရွေး၊အဆင့်အတန်းမရွေး၊အသားအရောင်မရွေး ဖြစ်ပွားတတ်သော သားအိမ်ခေါင်း ကင်ဆာ အကြောင်း သိကောင်းစရာများကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ လာရောက်တွေ့ဆုံရှင်းလင်း
May 21,2021
ကရင်ပြည်နယ်အတွင်း ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် True World Co.,Ltd မှ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်ခန်းမ(၂)၌ လာရောက်တွေ့ဆုံ ရှင်းလင်းတင်ပြခဲ့သည်။
အမ်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်း ဆင်း ဆောင်ရွက်
May 21,2021

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မြောက်ဘက်ရပ်ကွက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဌေးအောင်သည် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် သွားရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကွင်ဆင်းဆောင်ရွက်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။