ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်းရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်

ဖလမ်း မေ ၂၁

ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်းရှိ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့်တွန်းဇံမြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စာသင်ကျောင်းများအဆင်ပြေချောမွေ့စွာပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး ဖလမ်းခရိုင် ပညာရေးမှူးဦးခေါဂေကီးက “ကျွန်တော်တို့ဖလမ်းခရိုင်မှာ မြို့နယ်(၃)မြို့နယ် ရှိပါတယ်။ဒီ(၃)မြို့နယ်မှာ သင်ကြားရေး ဝန်ထမ်း(၃၁၉၄)ယောက် ရှိတဲ့အနက်မှာ (၁၂၃၁)ယောက်ကတော့ ကျောင်းပြန်ဖွင့်ဖြစ်ဖို့အတွက်သတင်းပို့ပြီးပါပြီ ၊ ရာခိုင်နှုန်းအားဖြင့်တော့ ၄၀% ရှိပါတယ် ၊ ကျောင်းအနေနဲ့ကတော ့(၃)မြို့နယ်မှာ ကျောင်းပေါင်း(၄၃၄)ကျောင်းရှိတဲ့အနက် (၃၇၃)ကျောင်းကို ပြန်ပြီးဖွင့်လှစ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျောင်းဖွင့်လှစ်ရေးမှာ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းတွင်းပစ္စည်း ပရိဘောဂထိုင်ခုံစတာတွေ ကြိုတင်ပြင်ဆင် ထားဖို့ ၁၀.၅.၂၀၂၁ရက်နေ့မှာ အစည်းအဝေးခေါ်ပြီး ကျောင်းအုပ်တွေကို ညွှန်ကြားထားပြီး ဖြစ်ပါတယ် “ဟုပြောသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်မှုအခြေအနေနှင့် ကျောင်းဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များဖြန့်ဝေထားမှုအခြေအနေနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းမှာ အဆင်သင့်ဖြစ်ဖို့အတွက် ကျွန်တော့်ခရိုင် ပညာရေးမှူးရုံးက စစ်ဆေးရေးအဖွဲ့(၆)ဦး၊မြို့နယ်ပညာရေးမှူးရုံးမှစစ်ဆေးရေးအဖွဲ့ (၁၄)ဦး၊ စုစုပေါင်း (၂၀)ဦးကို အဖွဲ့(၉)ဖွဲ့ ဖွဲ့ပြီးစေလွှတ်ထားပြီးဖြစ်ပါတယ်။ သူတို့ကနေကျောင်းရဲ့ အခြေအနေ အ ဆင် သင့်ရှိ/မရှိ၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့်ထိုင်ခုံပရိဘောဂစတာတွေ အဆင်သင့်ဖြစ်မဖြစ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်သင်ကြားရေးနှင့်ပတ်သက်လို့ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ် တွေအလုံအ လောက်ရရှိပြီးဖြစ်ပါတယ်။ ရရှိပြီးတဲ့ကျောင်းသုံ:ဗလာစာအုပ်တွေကကို ကျောင်းအရောက်ပို့ပေးပြီးဖြစ်ပါတယ်” ဟု ခရိုင်ပညာရေးမှူးကဆက်ပြောသည်။ ထို့အပြင်ကျောင်းပြန်လည်ဖွင့်လှစ်သည့်အခါကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ ရေးဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး”ကျွန်တော်တို့ ကိုဗစ်-၁၉ကပ်ရောဂါနဲ့ပတ်သက်လို့ကြိုတင်ကာကွယ်ရေးအ တွက်ကာကွယ်ရေးပစ္စည်းတွေ အလုံအလောက်ပို့ထားပြီးဖြစ်ပါတယ်။

ဒီပစ္စည်းတွေအဆင်သင့်သုံးနိုင်ဖို့ အဆင်သင့်ရှိနေ ပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉နဲ့ပတ်သက်လို့ညွှန်ကြားချက်အတိုင်း ကျောင်းဖွင့်လှစ်နိုင်ဖို့အတွက် ဆရာ/မတွေ၊ ကျောင်းအုပ် တွေပူးပေါင်းဆောင်ရွက်မှုနှင့် အဆင်သင့်ရှိအောင် ညွှန်ကြားချက်တွေပေးပြီးဖြစ်ကြောင်းကျွန်တော်တင်ပြလိုပါတယ်”ဟု ဆက်ပြောသည်။ မြို့နယ်အသီးသီးမှာ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ဖလမ်းခရိုင်အတွင်း အထကကျောင်း(၄၀)ကျောင်း၊အထက(ခွဲ)ကျောင်း(၃၀) ကျောင်း၊ တွဲဖက်အထကကျောင်း(၁)ကျောင်း၊အလကကျောင်း(၇၀)ကျောင်း၊အလက(ခွဲ)ကျောင်း(၂၆)ကျောင်း ၊ မူလွန်ကျောင်း(၈၆)ကျောင်း၊ အမကကျောင်:( ၁၆၉)ကျောင်း၊ အမက(ခွဲ)ကျောင်း(၁၂)ကျောင်း ရှိပြီး စုစုပေါင်း (၄၃၄ ) ကျောင်းရှိကာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၅)ကျောင်းရှိကြောင်းသိရသည်။

ခရိုင်ပြန်ဆက်