မုဒုံ မေ ၂၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုအား တာဝန်ရှိသူများက ယနေ့နံနက်၉နာရီက မုဒုံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူးဒေါ်ချိုချိုသင်း၊ မြို့နယ် လက်/ထောက်ပညာရေးမှူး ဒေါ်ကေသီစံနှင့်တာဝန်ရှိသူများက ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန်၊ ကိုယ်ပူချိန်တိုင်းကိရိယာ၊ လက်ဆေးဘေစင်များ စနစ်တကျထားရှိရန်၊ စာသင်ချိန်စီစဉ်မှုများ၊ ကျောင်းကြို/ပို့ခြင်းဆိုင်ရာ စီမံဆောင်ရွက်မှုများ၊ မိဘအုပ်ထိန်းသူပြည်သူများအတွက် အသိပေးကြော်ငြာဗီနိုင်းများ ထားရှိမှု၊ စာသင်ခန်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး (၄)ပေစီခြား၍ စာသင်ခုံ၊ ထိုင်ခုံများစီစဉ်ထားမှုများနှင့် ဖျားနာသည့် ကလေးငယ်များရှိပါက သီးသန့်အခန်းပြင်ဆင်ထားရှိရန်စသည့် လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၂) ကျောင်းရှိပြီးကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် မေလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိကွင်း ဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)