သတင်းများ

နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး
May 21,2021
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ နောင်ချိုမြို့နယ် တောင် ရှည်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် (၂၀၂၁)ခုနှစ်နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ
May 21,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်မှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို မေ ၂၁ရက် နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်
May 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မေလ ၂၁ ရက်နေ့က တော်ကနာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း များကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များပေးအပ်ခြင်းနှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်( တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ (၁၄:၀၀) နာရီ အချိန်က စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များပေးအပ်ခြင်းနှင့် စာကြည့် တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
မြောင်းမြမြို့၌ ပထမအကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကျင်းပ
May 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဌာနဆိုင်ရာ ဝန်ထမ်းများ ပထမအကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အလယ်တောရ ကျောင်းတိုက်၊ ပုပ္ပာရုံ ကျောင်းဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ် အား စာဖတ်ဝိုင်းကျင်းပပြုလုပ်
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍( Book Club ) စာဖတ်ဝိုင်းကို ကိုဗစ်- ၁၉ စည်းကမ်းချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ လူနာများအား ၂၄ နာရီဖွင့်လှစ်ကုသပေးလျက်ရှိ
May 21,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အထူးကု ပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ၌ ပြင်ပလူနာ၊ အတွင်းလူနာများအား ၂၄ နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။