သတင်းများ

ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားရေး ကွင်းဆင်းစစ်ဆေး
May 21,2021
နေပြည်တော်ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဦးကျော်ကျော်နိုင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း က နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့ကို ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ/မများနှင့်တွေ့ဆုံပြီး စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးများ လုံခြုံမှူရှိစေရေး လိုက်လံစစ်ဆေး ဆောင်ရွက်
May 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများအား လုံခြုံမှူ ရှိစေရေး အတွက် ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်ကစ ၍ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ ဦးဟန်ဝင်းလတ်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးသန်းမင်းအောင်တို့မှ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ပြည်မြို့နယ်တွင် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြု မူလတန်းစာမေးပွဲ ကျင်းပမည်
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊ လတ်၊ ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲတို့ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဇွန် ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းအသစ် ထုတ်လုပ်နိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌနှင့် ဒေသခံတောင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေး
May 21,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပန်းတောငယ်အုပ်စုမှ မကွေး-တောင်တွင်းကြီး-ပြည် ကားလမ်းမကြီးသို့ ဆက်သွယ်ဖောက်လုပ်မည့် ကျေးလက်ကုန်ထုတ်လမ်းသစ် ဖောက် လုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိ သူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကုန်တင်ကုန်ချ အလုပ်သမား (၁၁၁)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
May 21,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကုန်တင်ကုန်ချကော်မတီရုံးရှိ အလုပ်သမား (၁၁၁)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ ဆေးရုံ နှစ် ထပ် ဆောင်တွင် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ နှင့် ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 21,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အလမ်းဆိုင်ရာ ကော်မတီ နှင့် ခရိုင်အမျိုး သမီး ကော် မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အုတ်ဖိုမြို့တွင် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမည်
May 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဝါဆိုဦးကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် ပါဠိပထမပြန်စာအောင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းယုမြို့၌ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်း
May 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသမိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို သင်္ကြန်မိုးကျပြီးနောက် စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ အောင်မြင် ဖြစ်ထွန်းနေ၍ ဈေးကောင်းထပ်မံရရှိရန် တောင်သူတို့ မျှော်လင့်နေလျက်ရှိသည်။