ဒဂုံအရှေ့ မေ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တွင် ယနေ့ နံနက် (၁၀:၀၀) နာရီက စာကြည့်တိုက် မှတ်ပုံတင် လက်မှတ်များ ပေးအပ်ခြင်းနှင့် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင် ဦးမျိုးမြင့်ဆွေမှ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ ညွန်ကြားချက်အရဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရှိ ရပ်ကွက် စာကြည့်တိုက် (၁၀)တိုက်ကို စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ် သွားမည် ဖြစ်ကြောင်း၊ စာကြည့်တိုက်လုပ်ငန်းသည် မွန်မြတ်သောပရဟိတ လုပ်ငန်း ဖြစ်သည့်အားလျော်စွာ ကြိုးစား ဆောင်ရွက်ဖို့ တိုက်တွန်းလိုကြောင်း၊ရပ်ကွက်(၃၂)ရပ်ကွက်တွင်စာကြည့်တိုက်(၁၀)တိုက်သာဖွင့်လှစ် နိုင်သည့် အတွက်ထပ်မံကြိုးစားပြီးဖွင့်လှစ်ကြရန် လိုသေးကြောင်း၊ ပြောကြားခဲ့ပါသည်။
၎င်းနောက် မြို့နယ်စာကြည့်တိုက် များကြီးကြပ်မှုကော်မတီအတွင်းရေးမှူးမှစာကြည့်တိုက်များမှ လိုအပ်သည့် ပရိဘောဂ၊ သုတရသ စာအုပ်၊ အဆောက်အဦ အခြေအနေများကိုပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးသို့(၂၆.၅.၂၀၂၁)ရက်နေ့အရောက် စာရင်း ပေးပို့ပေးပါရန် ပြောကြားခဲ့ပြီး စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များကို ရပ်ကွက်စာကြည့် တိုက်(၁၀) တိုက်အားပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ရပ်ကွက်စာကြည့်တိုက်များမှလည်း မိမိတိုက် စာကြည့်တိုက် အခြေအနေ များကို ကော်မတီ အဖွဲ့ဝင်တို့က ဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီ ဝင်များနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် စာကြည့်တိုက်(၁၀)တိုက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)