ရန်ကုန် မေ ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အထူးကု ပြင်ပလူနာဌာန အပါအဝင် အခြားသော သက်ဆိုင်ရာ ဆေးကုသမှုဌာနများ၌ ပြင်ပလူနာ၊ အတွင်းလူနာများအား ၂၄ နာရီ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သန်လျင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသလိုသော ပြည်သူများအား ပြင်ပလူနာဌာနနှင့် အတွင်းလူနာဌာနတို့၌ ဆေးကုမှုများပေးလျှက်ရှိပြီး ရိုးရိုးမွေးလူနာများနှင့် ခွဲမွေးလူနာများအပြင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အထွေထွေရောဂါကုဆေးရုံကြီးတွင် အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်နှင့် ဆရာဝန်၊ ဆရာမ ၂၅ ဦးတို့က ပြည်သူများအား ဆေးကုသမှုများပေးလျက်ရှိပြီး သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများအား သတ်မှတ်ရက်များ အတိုင်း ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးအရ ဆေးကုသမှု ခံယူလိုသော ပြည်သူများ အနေဖြင့် သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ၂၄ နာရီ လာရောက်ပြသ ဆေးကုသ မှုများ ခံယူနိုင်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်