မြောင်းမြမြို့၌ ပထမအကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကျင်းပ

မြောင်းမြ မေ ၂၁

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဌာနဆိုင်ရာ ဝန်ထမ်းများ ပထမအကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အလယ်တောရ ကျောင်းတိုက်၊ ပုပ္ပာရုံ ကျောင်းဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲ  အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး   နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး ဘဒ္ဒန္တပညာသီဟ က ငါးပါးသီလနှင့် သြဝါဒကထာများကို ရွတ်ပွား ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များက သင်တန်းကာလ ပြီးဆုံးတိုင် တက်ရောက် သင်ကြားခဲ့ကြသည့် ဌာနဆိုင်ရာရုံးများမှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ဦးကျော်လှိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲသို့ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)