ပေါက်ခေါင်း မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍( Book Club ) စာဖတ်ဝိုင်းကို ကိုဗစ်- ၁၉ စည်းကမ်းချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင်( Book Club )အဖွဲ့ဥက္ကဌဆရာကြီးဦးသိန်းေဇာ်ဦးက စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ပါအကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့ရာမြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက စာရေးဆရာ အောင်သင်းရေးသားသောရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ပါအကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်-(ပြန်/ဆက်)