နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေး

 

နောင်ချို           မေ      ၂၁

အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ရှည် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ  ၉ ရွာမှ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ၂၁ ဦး ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၆ ဦး၊ စုစုပေါင်း ၅၇ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု စာရင်း ပျောက်ဆုံး၊ ပျက်စီးနေသည့် အိမ်ထောင်စုများကို အိမ်ထောင်စုစာရင်းများ ထုတ်ပေးခြင်း တို့ကိုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ပန်းခင်းစီမံချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နောင်ချိုမြို့ နယ်ဦးစီးမှူး အနေဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံရေးကောင်းမွန်သည့် ကျေးရွာအုပ်စုများသို့ ဆက် လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ထွေးငယ် (ပြန်/ဆက်)