ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)များ၏ပင်စင်လစာငွေများပုံမှန်ထုတ်ပေး လျက်ရှိ
May 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု(၃၃) အုပ်စု တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား( ၈၃၂ )ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား)များ၏ မေလအတွက် ပင်စင်လစာများကို ယနေ့နံနက် ၇နာရီမှ စတင်၍ ငဖဲမြို့မြန်မာ့စီးပွားရေးဘဏ်၌ ရုံးဝန်းအတွင်းလုံခြုံရေး ဆောင်ရွက်ထားရှိပြီး ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။