ဒဂုံတောင် မေ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်( တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ (၁၄:၀၀) နာရီ အချိန်က စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များပေးအပ်ခြင်းနှင့် စာကြည့် တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ဝေ မှ “ရန်ကုန် တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ညွန်ကြားချက်အရ မြို့နယ်အတွင်းရှိ ရပ်ကွက် စာကြည့်တိုက် ( ၁၀ )တိုက်ကို စာကြည့်တိုက်မှတ်ပုံတင် လက်မှတ်များ ပေးအပ် သွားမည်ဖြစ်ကြောင်း၊ စာကြည့် တိုက်လုပ်ငန်းသည် မွန်မြတ်သောပရဟိလုပ်ငန်း ဖြစ်သည့် အားလျော်စွာ ကြိုးစားဆောင်ရွက်ဖို့ တိုက်တွန်း လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက် များကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်သန်းသန်းအေးမှ စာကြည့် တိုက်များမှ လိုအပ်သည့် ပရိဘောဂ၊ သုတရသစာအုပ်၊ အဆောက်အဦ အခြေအနေများကို ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း ) မြို့နယ်ရုံးသို့ စာရင်းပေးပို့ပေးပါရန် ပြောကြားခဲ့ပြီး စာကြည့်တိုက်မှတ်ပုံတင်လက်မှတ်များကို ရပ်ကွက်စာကြည့် တိုက်(၁၀) တိုက်အား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ရပ်ကွက်စာကြည့်တိုက်များမှလည်း မိမိတို့ စာကြည့်တိုက် အခြေအနေ များကို အသေးစိတ်ဆွေးနွေးကြရာ ကော်မတီဥက္ကဌ နှင့် အတွင်းရေးမှူးတို့က ပြန်လည် ဖြေးရှင်း ဆွေးနွေး ကြသည်။
အိကေသရီ(ပြန်/ဆက်)