သတင်းများ

ရွှေတောင်မြို့အဝင် တိုးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့် လှစ်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်
Jun 29,2021
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့အဝင် တိုးဂိတ်တွင် နံနက် ၆ နာရီမှ ည ၉ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃း၀၀နာရီက အမျိုးသမီးဖွံဖြိုးတိုးတက်ရေး ဆိုင်ရာအသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့နယ်၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Jun 29,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရွာတွင်းကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဝန်းသိုမြို့နယ်၊ မှန်လွှဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
စားသောက်ဆိုင်နှင့် လဘက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေး စစ်ဆေး
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရော ဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်း ချက်များနှင့် အညီ ရောင်းချရေးအသိပညာပေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ချောင်းသာမြို့ ရွာမဘုန်းကြီးကျောင်းတွင် ကိုဗစ်-၁၉ စောင့်ကြည့်လူနာများ ထားရှိရန် ပြင်ဆင်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ စောင့်ကြည့် လူနာများအား ထားရှိရန်အတွက် ရွာမဘုန်းကြီးကျောင်းအတွင်းရှိ ဘုတ်စုံမပညာဒါန နှစ်ထပ်ကျောင်းဆောင်၌ ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ငါးမျိုးသယံဇာတများတိုးပွားစေရန် ငဝန်မြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၃၀၀၀၀၀) ကျော်ငါးမျိုးစိုက်ထည့်
Jun 29,2021
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရန်နှင့်ဒေသအတွင်းငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများတိုးပွားစေရန် ရည်ရွယ်၍ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက် ကျောက်ပုံဆိပ်တွင် ကျင်းပသည်။
ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့ပိုင် ဈေးများအတွင်း Mask (နှာခေါင်းစည်း) တပ်ဆင်ရောင်းချစေရေး၊ ဈေးဝယ်သူများ အနေဖြင့်လည်း Mask (နှာခေါင်းစည်း)တပ်ဆင်၍ ဈေးဝယ်မှုပြုစေရေး အသိပညာပေးကာ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးနှင့် အထည်ဆိုင်များကို ယာယီပိတ်ထားမည်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင် များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ဇွန်လ ၂၈ ရက်နေ့အထိ စုစုပေါင်း ၃၂ ဦး ကူးစက်ခံထားရပြီး ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ယနေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူထံမှ သိရသည်။