ချောင်းဆုံတွင် (၂၀၂၁)ခုနှစ်နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ

ချောင်းဆုံ မေ၂၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများ အားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်မှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို မေ ၂၁ရက် နံနက်(၁၀)နာရီက ချောင်းဆုံ မြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ် အား/ကာကော်မတီဝင်များနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာသင်တန်းဆင်းအမှာစကားကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရးမှူးရဲမှူး ထွန်းထွန်းဦး ကပြောကြားပြီး မြန်မာ့သိုင်းသင်တန်းဆင်းလက်မှတ် ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ဇော်မင်းသန်း ကလည်းကောင်း၊ ဘတ်စကက်ဘော သင်တန်းဆင်းလက်မှတ်ကို ရဲမှူးထွန်းထွန်းဦး ကလည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သူများမှ လက်ခံရယူသည်။ ဆက်လက်၍ သင်တန်း နည်းပြများဖြစ်ကြသော မွန် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်သန်း၊ အခြေခံမြန်မာ့သိုင်း ပြညနယ်လက်ရွေးစင် မောင်အောင်မြတ်ဖုန်း၊ မြန်မာ့လက်ရွေးစင် မဖူးပွင့်ချိုနှင့် ထူးချွန်သင် တန်းသား (၃)ဦးတို့အား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ချီးမြှင့်ပေးခဲ့ပြီး အခြေခံမြန်မာ့ သိုင်းပညာစဉ်ဖြင့် သရုပ်ပြခဲ့ကြောင်း၊အဆိုပါသင်တန်းကို မေလ (၁ မှ ၂၁)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး အခြေခံမြန်မာ့သိုင်း သင်တန်းသား/သူ (၄၉)ဦး၊ ဘောလုံး သင်တန်း သား/သူ(၃၂)ဦးနှင့် ဘတ်စကက်ဘော သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)