ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ မေ၂၁ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မေလ ၂၁ ရက်နေ့က တော်ကနာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း များကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်နှင့်(၁၈)နှစ်အကြား အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလည်း ကောင်း၊ အိမ်ထောင်စုစာရင်း(မရှိ/ပျောက်ဆုံး)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက်သူများအား ဆောင်ရွက်ပေးလျက်ရှိပြီးချောင်းဆုံမြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်သူ(၁၃၃၉၇၈)ဦးရှိပြီး နိုင်ငံသားစိစစ် ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသူ(၂၄၁၉၀)ဦးရှိကြောင်း၊ အဆိုပါပန်းခင်းစီမံချက်ကို ရပ်ကွက်/ကျေးရွာအုပ်စု (၄၇)အုပ်စုအား မေ(၃)ရက်နေ့ကစတင်ပြီး ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးမောင်မော်ဌေးထံမှ သိရ သည်။ မြို့နယ်(ပြန်/ဆက်)