မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိ
Jan 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟာစနစ်များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်၊ တားဆီးရေး ကော်မတီဖွဲ့စည်းပြီး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် ချပြရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။