တောင်ကြီးမြို့တွင် နေရပ်ပြန် ၁၅၁ ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ “ဝ” အထူးဒေသ၊ မိုင်းပျဲန်မြို့၊ စီးကရက် စက်ရုံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီးကရက် စက်ရုံ ပိတ်သိမ်းသဖြင့် စက်ရုံမှမော်တော်ယာဉ်ဖြင့် ထန်မွန်းကျေးရွာအနီး လာရောက်ပို့ဆောင်သည့် နေရပ်ပြန် ကျား(၉၂)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း (၁၅၁)ဦးအား NDAA(မိုင်းလား) မိုင်းယန်းနယ်စပ်ဒေသတွင် လွှဲပြောင်း၊ လက်ခံရေးအဖွဲ့မှ စနစ်တကျ ကျန်းမာရေးစစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသဖြင့် မော်တော်ယာဉ်ကား ၃ စီး ဖြင့် မိုင်းယန်းမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး လွှဲပြောင်း၊လက်ခံရေးအဖွဲ့မှ စနစ်တကျ လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ခြင်းကို တောင်ကြီးမြို့ T B C ကားကြီးကွင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။