ထန်တလန်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

ထန်တလန် ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနနှင့်မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ကို  ယနေ့ မွန်းလွဲ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျင်ငိုက်မန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုဗစ်-၁၉ ကာလတွင် မိမိတို့၏ နေအိမ်၌ (Stay Home) နေထိုင်သည့် ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့်စပ်လျဥ်း၍ Online ဖြင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်လျက်‌ေဆာင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦး စီးမှူး ဦးရွှေကျုံးလျန်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ ရှာဖွယ်ကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်မှုများ၊ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ အထူးဂရုစိုက်ရမည့် ဘေးအန္တရာယ် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီး​ဘေးအန္တရာယ်ကြိုတင် ကာကွယ်‌ရေး နှင့်စပ်လျဥ်း၍အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုများ စသည့် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)