သတင်းများ

မိုင်းယောင်းမြို့၌ Facility Quarantine အသွားအလာကန့်သတ် ၁၄ ရက်ပြည့်သူသုံးဦးကို အိမ်ပြန်ခွင့်ပြု
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံသူများအနက် သတ်မှတ်ကာလ ၁၄ ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရသူ သုံးဦးကို ယမန်နေ့ ညနေပိုင်း က အိမ်ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်
Jan 20,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဈေးကွက်အလားအလာရှိပြီး ဈေးကောင်းရရှိနိုင်သည့် ချင်းပြည်နယ်ထွက် ဝဥများ စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။
တာလေမြို့တွင် အစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းအား တောင်သူဖိတ်ခေါ်ကွင်းလက်တွေ့သရုပ်ပြသ
Jan 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ပျိုးထောင်ရန်မလိုအပ်ပဲ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် တိုက်ရိုက်မျိုးစေ့ချခြင်း တောင်သူဖိတ်ခေါ်ကွင်း လက်တွေ့သရုပ်ပြသခြင်းအား ယမန်နေ့က နားယောင်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူ ဒေါ်နာခူ၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ နှင့် ပတ်သတ်၍ ကြီးကြပ်ရေး     ကော်မတီ ( ၅ )ဦး တာဝန်ပေးအပ်နိူင်ရေးအတွက် ဌာနဆိုင်ရာများ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Jan 19,2021
စဉ့်ကူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ပတ်သတ်၍ကြီးကြပ်ရေး ကော်မတီ ( ၅ )ဦး တာဝန်ပေးအပ်နိူင်ရေးအတွက် ဌာနဆိုင်ရာများ  အသိပညာပေးရှင်းလင်းပွဲကို   ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်း အနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူးဦးနန်းကိုဦးနှင့် ဒုတိယဦးစီးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
ရေဖြူ မြို့နယ်တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီး​ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီ က ရေဖြူမြို့နယ်၊ လေးရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင်းခြံမီးသတ်ဦးစီးဌာနသို့ "စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအသင်း"မှ ဒီဇယ်ဆီများ လှူဒါန်း
Jan 19,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် အရံစက်သုံးဆီအဖြစ် အသုံးပြုရန် မြင်းခြံမီးသတ်ဦးစီးဌာနသို့ "စက်သုံးဆီဖြန့်ဖြူးရောင်းချ သူများအသင်း"မှ ဒီဇယ်ဆီများလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြင်းခြံ ခရိုင် မီးသတ် ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့မဈေးကြီးအတွင်း ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ကွင်းဆင်း စစ်ဆေး
Jan 19,2021
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း / ဈေးဝယ်များ Mask များတပ်ဆင်ခြင်း နှင့် ကျန်းမာရေးနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု ဆက်လက်စစ်ဆေးလျက်ရှိသည်။
ကော့သောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် အထွက် ဂိတ်များတွင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး ၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါခရီးသည်နှင့်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အား နှာခေါင်းအာခေါင်တို့ ဖတ်နမှုနာများအား ရယူစစ်ဆေးခြင်း များ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။