ကန်ပက်လက်မြို့၌ ကြိုးဖုန်းများအား အဆင့်မြင့်ဝိုင်ယာလက်စနစ်ဖြင့် အသုံးပြုနိုင်ရေး စမ်းသပ်မှုများ ပြုလုပ်

ကန်ပက်လက်      ဇန်နဝါရီ         ၁၉

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၌ တပ်ဆင်အသုံးပြုလျက်ရှိသည့် ကြိုးဖုန်းများအား အဆင့်မြင့်ဝိုင်ယာလက်စနစ်ဖြင့် အသုံးပြုနိုင်ရေးအတွက် စမ်းသပ်စစ်ဆေးမှုများကို မြန်မာ့ဆက်သွယ် ရေးဝန်ထမ်းများမှ ယနေ့မှစတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

ကန်ပက်လက်မြို့၌ အဆိုပါ ဝိုင်ယာလက်စနစ်ဖြင့် ပြောင်းလဲအသုံးပြုရမည့် ကြိုးဖုန်းအလုံး (၄၃)ရှိကြောင်း၊ 4Gစနစ်ရရှိသည့်မြို့များတွင် တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း နှင့်ယင်းဝိုင်ယာ လက်စနစ်တပ်ဆင် အသုံးပြုသည့် အချိန်တွင် ADSL အင်တာနက်လိုင်းများ ကိုလည်း လျောက်ထားနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ မင်းတပ်ခရိုင် တာဝန်ခံအင်ဂျင်နီယာ ဦးခင်မောင်မြင့်၏ပြောကြားချက်အရသိရပါသည်။

လက်ရှိအသုံးပြုနေသည့် အိတ်ချိန်းအားဖြုတ်သိမ်းသွားမည်ဖြစ်ပြီး ယင်းအစား အဆင့်မြင့်ဝိုင်ယာလက် စနစ်‌ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကာ တပ်ဆင်ပြီးသားကြိုးဖုန်းများ အဆင့်မြှင့်တင်ခြင်းအား အခမဲ့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် အသစ်လျောက်ထား လိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေး သို့ဆက်သွယ် စုံစမ်းလျောက်ထား နိုင်ကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)