တာမွေမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Jan 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ် ပိုမို ကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှု အပေါ် လုံလုံလောက် လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ လေးထောင့် ကန်လမ်းမကြီးတစ်လျှောက် 33KVA ဓာတ်အား လိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။