နာဂဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ချင်းဆက်လမ်း ဆွမ္မရာ၊ မိုဝိုင်းလွတ် လမ်းပေါ်ရှိ (၅၀)ပေ သံကွန်ကရစ်တံတား (၂) စင်း တည်ဆောက်ခြင်းကို နယ်စပ်ရေးရာ ဝန်ကြီးနာန နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဏာနှစ် နယ်စပ်ဒေသဖွံဖြိုးရေးပြည်ထောင်စုရန် ပုံငွေကျပ် (၈၇ ဒသမ ၂၄၂)သန်း ဖြင့် စာရာမေရိမိသားစု ကုမ္ပဏီမှတင်ဒါ အောင်မြင်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်လင်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးရိထင်နှင့် တာဝန်ရှိသူများက ယမန်နေ့က လုပ်ငန်းများ စံချိန်စံညွန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။