သံတောင်ကြီးမြို့နယ် စီပင်ကလေးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း(၉၀)ရာခိုင်နှုန်းပြီးစီး

သံတောင်ကြီး  ဇန်နဝါရီ  ၁၉

            ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စီပင်ကလေးကျေးရွာ မိုင်(၂၀)တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ကျေးရွာလမ်းကွန် ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။

            စီပင်ကလေးကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စီပင်ကလေးကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေ(၅၀)ရာခိုင်နှုန်းမှ သိန်းတစ်ရာ နှင့် ဒေသခံပြည်သူများ၏ လုပ်အားဖြင့် အရှည်(၈၅၀)ပေ အကျယ် (၁၀)ပေ နှင့် ထု (၆)လက်မဖြစ်ပြီးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု (၉၀)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။

            အဆိုပါ ကျေးရွာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစေရန် နှင့် ရေရှည်အသုံးပြု နိုင်ရန်အတွက် လိုအပ်သည်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများ၊ ဒေသခံများနှင့် ပေါင်းစပ်ဆောင်ရွက်ပြီး ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ သွားလာရေး ပိုမိုလွယ်ကူ အဆင်ပြေ မည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်