သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ အပတ်စဉ်လေ့ကျင့်မှုများ ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လက်တွေ့ဆောင်ရွက်ရသည့် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ရက်များ အလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။