ကွမ်းလုံ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦး စတင်တွေ့ရှိ
Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ Quarantine Centre အသီးသီးမှ လူ(၂၈)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများကို မူဆယ်အမျိုးသားဓာတ်ခွဲဌာနသို့ ယမန်နေ့က ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။