ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူများထပ်မံဝင်ရောက်
Jan 22,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၁၄)ဦးထပ်မံဝင်ရောက်လာခဲ့သည်။