တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့၍ စောင့်ကြည့်ရေးစခန်းအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

တန့်ယန်း  ဇန်နဝါရီ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ စောင့်ကြည့်ရေးစခန်း(Quarantine Centre)နှစ်ခုရှိ ကန့်သတ်စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦး နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား စစ်ဆေးချက်အရ ဝေဠုဝန် /ကကျောင်းတွင် ထားရှိသည့် စောင့်ကြည့်ရေးစခန်းမှ ရှင်သာမဏေ ()ပါးထံက ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသည့်အတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် ပိုးသတ်ဆေးဖျန်းပေးခဲ့သည်။

အဆိုပါ ဝေဠုဝန် /ကကျောင်းတွင်ထားရှိသည့် စောင့်ကြည့်ရေးစခန်းမှ ရှင်သာမဏေ ()ပါးထံက ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသည့်အတွက် ရှင်သာမဏေများ နေထိုင်ခဲ့ကြသည့် အိပ်ဆောင်များ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများအား မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များသည် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်မှု ကင်းစင်ရေးအတွက် ဆေးဖျန်းစက်ဖြင့် ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)