ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် MISEREOR ၏ ပံ့ပိုးမှုဖြင့် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း(KMSS)က အလှူငွေ (၉၉,၈၂၅,၀၀၀) ကျပ် ပေးအပ်လှူဒါန်း

မရမ်းကုန်း ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၇)ရပ်ကွက်ရှိ ခရစ်ယာန် ရဟန်းဖြစ် တက္ကသိုလ်၌ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ တွင် အသုံးပြုရန် MISEREOR ၏ပံ့ပိုးမှု့ဖြင့် ဂရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)က  အလှူငွေ (၉၉၈၂၅၀၀၀) ကျပ် ပေးအပ် လှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ လှူဒါန်းငွေများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ လက်ခံရယူပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းနှင့် ကျေးဇူးတင် စကားပြောကြားခဲ့ပြီး လှူဒါန်းငွေများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုသရေးစင်တာများရှိ လူနာများ စားသောက် စရိတ် များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

အေးအေးအောင်(ပြန်/ဆက်)