မိုင်းနောင် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းနောင် မြို့အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမိုင်း၊ မြို့နယ် တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်ကော်မတီဝင်များ၊ အဆိုပြုလုပ်ငန်းဆောင်ရွက်မည့် ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျ စာရေးများက ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် တည်ဆောက်နေသော လုံယန်း၊ နောင်တောမြေသားလမ်းပိုင်းနှင့် မိုင်းလင်းရွာလယ်တံတား တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မိုင်းနောင် (ပြန်/ဆက်)