သတင်းများ

တီးတိန်မြို့ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်း
Jan 22,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၂၂)ဦးတို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ Site Quarantine ထားရှိသူ အမျိုးသားတစ်ဦးထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီး ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်လမ်းတွင် Site Quarantine ထားရှိသူ အမျိုးသားတစ်ဦးထံမှ ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေးနှိုးဆော်
Jan 22,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်
Jan 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှု‌ရေးအသင်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က ယမန်နေ့တွင် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ပြီးစီး
Jan 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ် ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့၌ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Jan 22,2021
ဖလမ်းမြို့နယ် မီးသတ်စခန်း သန္ဓေတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့၊ တလန်လို ရပ်ကွက်များ၌ မီးဘေးလုံခြုံမှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖလမ်းမြို့နယ် ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 22,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဖလမ်းမြို့နယ် အတွင်း ကျေးရွာများ၌ ဖလမ်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် လူကုန်ကူးမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်
Jan 22,2021
ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် လူကုန်ကူးမှု မှုခင်းဆိုင်ရာ၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ယမန်နေ့က ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။