သတင်းများ

မင်းတပ်ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁/၂၀၂၁ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 22,2021
ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁/၂၀၂၁ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
တနိုင်းမြို့ လီဒိုလမ်းမကြီးဘေး၌ ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်ပါသည့် ဗွီနိုင်းကြော်ငြာဆိုင်းဘုတ်စိုက်ထူ
Jan 22,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြစ်ကြီးနားမြို့လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်ပါသည့် ဗွီနိုင်းကြော်ငြာဆိုင်းဘုတ်အား စိုက်ထူခြင်းကို လီဒိုလမ်းမကြီးဘေး၌ ပြုလုပ်ခဲ့ကြသည်။
ခိုင်ကမ်းမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေး သားဆက်ခြားဆိုင်ရာပညာပေးခြင်းဆောင်ရွက်
Jan 22,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေး သားဆက်ခြားနည်းဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်သည့် အရည်အသွေးမြှင့် ဝန်ဆောင်မှုလုပ်ငန်းကို မြို့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မအူပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကျုံစုတ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jan 22,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ကျုံစုတ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဝင်း၊ ဒုတိယဦးစီးမှူး ဦးစိုးမြတ်ကျော်နှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ကျောက်တံခါးမြို့နယ် မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း၊ သုံးသပ်​ဆွေး​နွေးပွဲနှင့် စီမံကိန်းစံပြ​ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ
Jan 21,2021
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ် ​ကျေးလက်​ဒေသဖွံဖြိုး​ရေးဦးစီးဌာနမှ အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေသည့် မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း သုံးသပ်​ဆွေး​နွေးပွဲနှင့် စီမံကိန်းစံပြ​ကျေးရွ​ရွေးချယ်ခြင်းအခမ်းအနားကိုယ​နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာနအစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲသည်။
ရှားတောမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 21,2021
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း စီမံကိန်း များ အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ အသစ် ပြန်လည်​ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစဥ်များအား ကွင်းဆင်း အသိပညာပေးခြင်းဆောင်ရွက်
Jan 21,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ကျောက်တံတားမြို့နယ်အတွင်းရှိ ရပ်ကွက်များ အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်း စဉ် အဆင့်ဆင့်နှင့် ပတ်သက် ၍ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေပြင်ဆင်သည့်ဥပဒေ၊