သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ အပတ်စဉ်လေ့ကျင့်မှုများ ဆောင်ရွက်

သီပေါ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး()ရပ်နှင့် လုပ်ငန်းစဉ်()ရပ် တို့အား အကောင်အထည်ဖော်      ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ်  ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လက်တွေ့ဆောင်ရွက်ရသည့် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ရက်များ အလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေ့ကျင့်မှုများဆောင်ရွက်ရာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌  မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ထွန်း၏ လမ်းညွှန်မှုဖြင့် မီးသတ်ဝန်ထမ်းများသည် အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေစေရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး ပညာရပ်များအား ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် မိမိ၏တပ်ဖွဲ့ဝင်များ အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေစေရန် အပတ်စဉ် လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)