မိုင်းစံ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းစံမြို့တွင် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်း R.C(၂)ထပ် ကျောင်းဆောင်သစ် တည်ဆောက်မည့် မြေနေရာ၌ ပန္နက်တင် ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သိက္ခာတော်ရဗုဒ္ဓမဂ်လာ ကျောင်းဆရာတော် ဘန္ဒန္တမူနိန္တက အဖွင့်ဆုတောင်းခဲ့ပြီး မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မိုင်းစံမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းတို့က ကျောင်းဆောင်သစ်R.C(၂)ထပ် တည်ဆောက်မည့် မြေနေရာအား ပန္နက်ရိုက်ခဲ့ကြသည်။
အဆိုပါ R.C(၂)ထပ်ကျောင်း ဆောင်သစ်(၁၄၀'×၃၀')သည် အစိုရခွင့်ပြုရန်ပုံငွေကျပ် (၂၃၂.၂၅)သန်းဖြင့် တင်ဒါအောင် "ဧ " မြရွှေစင်ကုမ္မဏီမှ တာဝန်ယူဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ချို(ပြန်/ဆက်)