ဘောလခဲမြို့ မြို့မရဲစခန်းသစ်အဆောက်အဦ ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

ဘောလခဲ ဇန်နဝါရီ ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ မြို့မရဲစခန်း အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီ မြို့မရဲစခန်း အဆောက်အဦဟောင်းရှေ့ နေရာတွင် ကျင်းပသည်။

အစီအစဉ်အရ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကယား ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေ၊ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း၊ ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စောမောရှည်တို့က မင်္ဂလာ ပန္နက်များကို သတ်မှတ်နေရာများတွင် စိုက်ထူပေးခဲ့ကြသည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ကယားအိန်ဂျယ် ကုမ္ပဏီ MD ဒေါ်ရီမေသန့်၊ ဦးသိန်းဇော်၊ ဦးစိုးလွင်နှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမေများတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

လှရွှေ