အုတ်ဖိုမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် စံပြဆုရွေးချယ်ပွဲအခမ်းအနားကျင်းပ

အုတ်ဖို ဇန်နဝါရီ  ၂၂                                                            

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၂နာရီ ၃၀ အချိန်က မြစိမ်းရောင် စီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် စံပြ ဆုရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးနှင့် မြို့နယ်အဆင့် မြစိမ်းရောင်ကော်မတီဝင်များ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း (၄၈) ရွာ(၄၄) ယူနစ်မှ ကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စီမံကိန်းကော်မတီဝင် များမှ စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များအား ဆွေးနွေးပြောကြားရာ ကျေးရွာကော်မတီ ဥက္ကဋ္ဌများက သိလို သည်များကို ပြန်လည်ဆွေးနွေးကြသည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်းမှ စံပြဆုရရှိသည့် ကျေးရွာများအား မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် သက်ဆိုင်ရာ တာဝန် ရှိသူ တို့က အသီးသီးဆုချီးမြှင့် ခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)