ရှားတော၊ ဇန်နဝါရီ ၂၄
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် သမဝါယမဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ သမဝါယမအသင်းစုများဖြစ်သော ရတနာရွှေမြေ (ဒေါဆိုဆစိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း) သမဝါယမအသင်း လီမိတက်နှင့် အစိုးရဝန်ထမ်းပေါင်းစုံ၊ ငွေစင်ကြယ်၊ ဈေးပိုင်းရပ်ကွက်နှင့် အောင်ချမ်းသာ ရပ်ကွက် ငွေစုငွေချေးလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှားတောမြို့နယ် စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။
ရှေးဦးစွာ ရှားတောမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် သမဝါယမအသင်း၏ နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ပြီးတိုင်းကျင်းပသည့် အလွန်အရေးပါသော အစည်းအဝေးတစ်ခုဖြစ်ကြောင်း၊ သမဝါယမအသင်းများ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တာနှင့် အညီ ဘဏ္ဍာရေးနှစ်၏အသင်းမှ လုပ်ဆောင်သည့်လုပ်ငန်းများနှင့်အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသူ အသင်းသားများအား အသိပေးရှင်းလင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်က အတိုင်းတာတစ်ခုထိ အသင်းသားများ၏ အတိုးနှုန်းသက်သာရန် ဆောင်ရွက်ပေးထားသည့်အတွက် အသင်းသူအသင်းသားများ မှလည်း အတိုးနှုန်း သက်သာစွာဖြင့် ချေးယူရရှိပြီး မိမိတို့လုပ်ငန်းများကို အကျိုးရှိရှိအသုံးချနိုင်စေရန်နှင့် အသင်း၏လုပ်ငန်း ကိစ္စရပ်များကိုလည်း အသင်းအမှုဆောင်၊ သမဝါယမဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ သဘာပတိမှ ဦးလှထွန်းက အမှာစကားပြောကြားခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း၏ အမှုဆောင်လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို သက်ဆိုင်ရာအသင်းအမှုဆောင်ကိုယ်စားများမှ ဖတ်ကြားတင်သွင်းခြင်း၊ တင်သွင်းမှု များအပေါ် သဘာပတိမှ အတည်ပြုချက်ရယူခြင်းနှင့် ၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အသင်းအမှုဆောင်များ၏ သားသမီးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းအောင်(ပြန်/ဆက်)